Main menu

ဖိုးဝပေါင်ဒါအမွှေးခဲကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           ၂၆.၅.၂၀၂၅ ရက်နေ့ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၄၀၅/၄၀၆)၊ ရွှေရင်အေးကျောင်းလမ်း၊  စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ ဖိုးဝပေါင်ဒါအမွှေးခဲလုပ်ငန်းသို့ လုပ်ငန်းရှင် ထံ ကွင်းဆင်း သွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

          တာဝန်ခံဖြစ်သူက ဖိုးဝပေါင်ဒါအမွှေးခဲလုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ဖိုးဝပေါင်ဒါအမွှေးခဲသနပ်ခါးကိုသာ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ဖိုးဝပေါင်ဒါအမွှေးခဲ သနပ်ခါးတံဆိပ်မှာ တစ်ပါကင်လျှင် အထုပ်သေး (၂၀၀)ထုပ်၊ အထုပ်ကြီး (၂၅) အတွင်း ထုတ်လုပ် လျက်ရှိပြီး ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်မြို့များသို့သာ အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၈)၊ မ (၂) စုစုပေါင်း (၁၀)ဉီးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသောဝန်ထမ်းများ လည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)