
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂမှ သွင်းကုန်အားလုံးအပေါ် ၅၀ ရာခိုင် နှုန်းအခွန်အပြင် အမေရိကန်တွင် iPhone များ မထုတ်လုပ်ပါက Apple ထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု သောကြာနေ့က ခြိမ်းခြောက်ခဲ့သည်။ထရမ့်က အီးယူမှ သွင်းကုန်ခွန်ကို တရုတ်နိုင်ငံထက် ပိုမိုမြင့်မားစွာ ကောက်ခံလိုကြောင်း ပြောကြားခဲ့သည်။ သွင်းကုန်အများစုအပေါ် အခြေခံအခွန် ၁၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားရန် သမ္မတက လူသိရှင် ကြား တောင်းဆိုထားသော်လည်း နှစ်ဖက်အကောက်ခွန်များ ဖြတ်တောက်ရန် အဆိုပြုထားသည့် တိုင် အီးယူနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် တိုးတက်မှုမရှိခြင်းကြောင့် Trump က စိတ်ပျက် လျှက်ရှိသည် Applee သည် ယခုအခါတွင် Amazon၊ Walmart နှင့် အခြားသော အမေရိကန် ကုမ္ပဏီကြီးများနှင့် အတူ အိမ်ဖြူတော်၏ အကောက်အခွန်များတွင် မသေချာမရေရာမှုများနှင့် ငွေကြေးဖောင်းပွမှု ဖိအားများကို တုံ့ပြန်ရန် ကြိုးပမ်းလျက် ရှိသည်။
DOCA(ရန်ကုန်)