Main menu

ရေစကြိုမြို့နယ်အတွင်း မတ်ပဲစိုက်တောင်သူများ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ CP ပြောင်း၊ ထောပတ်ပဲနှင့် မတ်ပဲသီးနှံများကို အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ ရေစကြို မြို့နယ်အတွင်းဖြတ်သန်း စီးဆင်းနေသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများတွင် သီးထပ်အဖြစ် နွေမတ်ပဲ သီးနှံများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပါသည်။ (၁)ဧကလျှင် မျိုး(၂)တင်းခန့်ကုန်ကျပြီး ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကာ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ အပါအဝင် စုစုပေါင်း ကျပ် (၈) သိန်း မှ ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    မတ်ပဲ (၁)ဧကထွက်ရှိမှုအနေဖြင့် ရာသီဥတုအခြေအနေအပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိပါသည်။ ယခုနှစ်အနေဖြင့် ရာသီဥတုအခြေအနေကောင်းသဖြင့် အထွက်တင်း(၂၀) မှ (၂၅)တင်းခန့် ထွက်ရှိပါကြောင်း၊ မေလတွင် စတင်ရိတ်သိမ်းလျက်ရှိပြီး ဇွန်လ(ပထမပတ်)တွင် ဖြိုင်ဖြိုင်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ်တွင် မတ်ပဲ (၁)တင်းလျှင် လက်ရှိ ဈေးနှုန်းကျပ် (၈၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲစိုက်တောင်သူများအနေဖြင့် (၁) ဧကလျှင် အကျိုးအမြတ် ကျပ်(၉)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများမှာ အကျိုးအမြတ်များ ရရှိပြီး တွက်ခြေကိုက်သည့်အတွက် မိုးသီးနှံများရိတ်သိမ်းပြီးလျှင် အခြားသီးနှံများထက် လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး  ရာသီဥတုဒဏ်၊ အလုပ်သမားအခက်အခဲ၊ ချွေ့လှေ့စက်အခက်အခဲများ ဒဏ်ခံသော နွေမတ်ပဲသီးနှံများကို သီးထပ်အဖြစ် အများအပြား စိုက်ပျိုးနေကြကြောင်း အောင်ချမ်းသာကျေးရွာနေ  မတ်ပဲ (၅)ဧကစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မကွေး)