Main menu

ဆိပ်ဖြူကြက်သွန်နီ ၂၀၂၅ ခုနှစ်၊ မေလအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြား မြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မေလအတွင်း တစ်ရက်လျှင် ကုန်ချိန် ပိဿာ(၅)သောင်းခန့် တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၀)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

    ဈေးနှုန်းအနေဖြင့် မေလအတွင်း ကြက်သွန်နီ အရည်အသွေးလိုက်၍ ဥကြီး(ရှယ်) တစ်ပိဿာလျှင် ကျပ်(၁၃၅၀-၁၃၀၀)၊ လတ်ကြီး တစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၁၀၀)၊ လတ်ချော တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၉၅၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၉၀၀-၈၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ယခင်ဧပြီလ်(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကဈေးငြိမ်၍ အရောင်းအဝယ်ဖြစ် ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဆိုင်များတွင် အရောင်း အဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၀၀၀)ဈေးအသီး သီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် မေလအတွင်း ကုန်ချိန်ပိဿာ (၁၀)သိန်းခန့် တန်ချိန်အားဖြင့် (၁၆၃၃)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုနည်း၍ ဆိပ်ဖြူကြက်သွန်နီဈေးကွက် ဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)