Main menu

နီပေါတွင် SCO သရုပ်ပြဧရိယာကို မြှင့်တင်ခဲ့

Powered by Drupal

            နီပေါနိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် China-SCO (ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့) ဒေသန္တရ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြ ဧရိယာ (SCODA) မြှင့်တင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ SCODA ၏ အုပ်ချုပ်မှုကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူး Li Gang က တရုတ်နှင့် နီပေါတို့သည် လမ်း-ရထား ပေါင်းစပ် သယ်ယူပို့ဆောင်ရေးနှင့် အရည်အသွေးမြင့် ယဉ်ကျေးမှုနှင့်ခရီး သွားထုတ်ကုန်များ ဖန်တီးခြင်း နယ်ပယ်များတွင် တရုတ်နှင့်နီပေါတို့ ချစ်ကြည်ရင်းနှီးစွာဖလှယ် နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ နီပေါနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးနှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု အတွက် နယ်ပယ်များနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်နှင့် အတွေးအမြင်များကို မျှဝေခဲ့ကြသည်။ "ပြုပြင်ပြီးသား ဂျင်း၊ လိမ္မော်၊ ဖာလာ၊ မှိုနဲ့ သစ်ဥသစ်ဖုတွေကို တင်ပို့ဖို့ ကျွန်တော်တို့မှာ ကြီးမားတဲ့ အလားအလာရှိပါတယ်" ဟု နီပေါစက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက် ပံ့ရေးဝန်ကြီး Damodar Bhandari က ပြောကြားခဲ့သည်။ ဆိုလာပြားများ၊ ဘက်ထရီများ၊ လျှပ်စစ်ကားများ၊ စက်ပစ္စည်းများ အစရှိသောကဏ္ဍများတွင် စွမ်းအင်ဖွံ့ဖြိုးရေးအတွက် ၎င်းတို့ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ လက်ဖက်ကုန်သွယ်မှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားဖလှယ် ရေးတို့တွင် နီပေါနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်ရန် အခမ်း အနားတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)