Main menu

ပခုက္ကူ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းမျိုးစုံ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဇွန်လ(ပထမပတ်)တွင် နွေ(နှမ်း)သီးနှံ စိုက်ပျိုးချိန်ရာသီဖြစ်၍ နှမ်းသီးနှံ(အသစ်)ထွက်ပေါ်မှု မရှိသေး၍ ဈေးကွက်သို့ ဝင်ရောက်မှု နည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက်ကုန်သည်များမှ သိုလှောင်ထားသော နှမ်းများ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းမျိုးစုံအနက်မှ နှမ်းနက်(စမုန်)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်(၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေးလိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၇၅၀၀၀-၂၆၅၀၀၀)၊ နှမ်းနီ တစ်တင်းလျှင် ကျပ်(၁၁၅၅၀၀-၁၁၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၁၈၀၀၀-၁၁၅၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၁၀၆၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀) အရောင်းအဝယ်ဖြစ်ပြီး ယခင်မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၃၅၀၀၀)နှင့် နှမ်(နီ)နှမ်း(ဖြူ)၊ နှမ်း(ညို) နှမ်း(ဝါ) တစ်တင်းလျှင်ကျပ် (၂၀၀၀) ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအားကောင်း၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)