
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်း များမှာ ခရမ်းသီး(အညို) လက္ကားတစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ ခရမ်းသီး(အညို) လက်လီ တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)