
ကျွန်းလှမြို့နယ်တွင် စားသောက်ကုန်၊ လူသုံးကုန်များ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာမှ အသားငါးဈေးသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့် (အသေး)လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှင့် ၊ လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)