Main menu

ငါးလုပ်ငန်းကဏ္ဍအားမြှင့်တင်‌ဆောင်ရွက်ရန်ကြိုးပမ်းနေသည့်လာအိုနိုင်ငံ

Powered by Drupal

             လာအိုနိုင်ငံ၏ စိုက်ပျိုး‌ရေးနှင့်သစ်တောဝန်ကြီးဌာနသည်၎င်း၏မိတ်ဖက်များနှင့် ပူးပေါင်း၍ နိုင်ငံ၏ငါးဖမ်းလုပ်ငန်းကဏ္ဍအား စဉ်ဆက်မပြတ်တိုးတက်စေရန် ‌‌ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ ငါးမျိုးစပ်ခြင်း၊ ငါးသား‌ပေါက်များပြုစုပျိုး‌‌‌ထောင်ခြင်းနှင့် ငါးပုစွန်များ စောင့်‌‌ ရှောက်မှုအား မြှင့်တင်ခြင်းတို့အပါအဝင် ငါးလုပ်ငန်းကဏ္ဍတိုးတက်စေရန်‌ဆောင်ရွက်ခြင်း တို့ကိုဆက်လက်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ ၂၃ ရက်နေ့ဝန်ကြီးဌာနမှ ထုတ် ပြန်သော  အစီအရင်ခံစာသိရသည်။ ဝန်ကြီးဌာနမှ ဒေသထွက်ငါးအစာများပြုစုခြင်း၊ မျိုးရိုးဗီဇ ဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် လာအိုနိုင်ငံရှိ ငါးမျိုးစိတ်များမှတ်ပုံတင်ခြင်းတို့ကိုပံ့ပိုးပေးနိုင် ရန်လည်း စီစဉ်ထားသည်။ နောက်ဆက်တွဲလုပ်ငန်းအစီအစဉ်များတွင် ပေါင်းစပ်ငါးမွေးမြူရေးကို မြှင့်တင်ခြင်း ငါးဖမ်းလုပ်ငန်းတိုးချဲ့ခြင်းနှင့် ဖလှယ်ခြင်း၊ လူသားအရင်းအမြစ်စွမ်းရည်မြှင့်တင် ခြင်းတို့ပါဝင်သည်။ လာအိုအစိုးရသည် လယ်သမားများနှင့် ထုတ်လုပ်သူများအား ပြည်တွင်းစျေး ကွက်သို့ ကုန်ပစ္စည်းများပိုမိုထောက်ပံ့ရန်၊ လိုအပ်နေသောနိုင်ငံခြားငွေဝင်ရောက်လာစေရန်၊ မြင့်မားသောနိုင်ငံခြားငွေလဲလှယ်နှုန်းကို လျှော့ချရန်အတွက်ပို့ကုန်တင်ပို့မှုအတွက်သာ ပိုမိုထုတ် လုပ်ရန် တွန်အားပေးလျှက်ရှိသည်။ လာအိုအစိုးရသည် နိုင်ငံ၏ပြည်တွင်း ထုတ်ကုန်စုစုပေါင်း၏ ၂၂.၄ ရာခိုင်နှုန်းအထိ ကဏ္ဍ၏ ပံ့ပိုးကူညီမှုကိုတိုးမြှင့်ရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်အတွက် စိုက်ပျိုး ရေးကဏ္ဍတွင် ၄.၃ ရာခိုင်နှုန်းခန့်တိုးတက်မှုကို ရရှိနိုင်ရန်ရည်မှန်းထားကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)