Main menu

ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင်အနေဖြင့် ပြောင်းချိုများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၅၀၀)ကျပ် နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၃၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)