Main menu

ကယားပြည်နယ် ၊ လွိုင်ကော်မြို့အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

      ကယားပြည်နယ်၊ လွို်ငကော်မြို့တွင် ခရမ်းချဉ်သီးများ စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ခရမ်းချဉ်သီးများအား တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ မှာယူရသည့်နေရာ ဒေသအခြေအနေနှင့် ခရမ်းချဉ်သီး အလုံးအရွယ်အစားအလိုက် အကြီး၊အသေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိပါသည်။ ယခင်မေလနောက်ဆုံးအပတ် လွိုင်ကော်မြို့အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀မှ၃၀၀၀) အတွင်းရှိပြီး ယခုဇွန်လ ပထမပတ် တစ်ပိဿာလျှင်(၃၀၀၀မှ ၃၅၀၀) ဈေးထိရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါကကျပ် (၅၀၀) ကွာခြား၍ ဈေးအနည်းငယ်တက်လာပါသည်။ ဈေးနှုန်းအနည်းငယ်တက်ရခြင်းမှာ ခရမ်းချဉ်သီး များ ဈေးကွက်အတွင်း ဝင်ရောက်လာမှု အနည်းငယ်လျော့နည်းလာခြင်းဖြစ်ပါကြောင်း လွိုင်ကော် မြို့သီရိမင်္ဂလာဈေးအတွင်းရှိ  ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)