Main menu

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွဈေး

Powered by Drupal

ကျွန်းလှမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့် ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက် ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွ ရောင်းချသူသည် အကျိုးအမြတ်အနေဖြင့် ထက်ဝက် အမြတ်ကျန်ရှိကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)