ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်စားသောက်ကြသော်လည်း မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းရရှိအောင် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများအဖြစ် ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ မွေးကင်းစမှ (၄၅)ရက်အတွင်း ဝက်သားပေါက်တစ်ကောင်လျှင် (၃၀၀၀၀၀)ကျပ်ခန့်အနည်းဆုံးဈေးရရှိ၍ (၄၅)ရက် သားမှ ဈေးကွက်သို့ ရောက်ရှိရန်အတွက် အနည်းဆုံး(၄)လမှ (၆)လခန့်ကြာမြင့်ပြီး တစ်ကောင် လျှင် (၈)သိန်းမှ(၁၀)သိန်းအထိ ဈေးကောင်းရရှိလျှက်ရှိပါသည်။ (၄၅)ရက်သားမှစ၍ မွေးမြူရေး အစာများကို ဝယ်ယူ၍ ကျွေးမွေးရပြီး လအလိုက်ပြောင်းလဲ၍ မွေးမြူရေးအစာများကို ထည့်ကျွေးရပါသည်။ မွေးမြူရေးအစာများဖြစ်သော Sunjin၊ CP ၊ Power များကို ထည့်ကျွေးရပြီး (၁)အိတ်လျှင်(၉၀၀၀၀)ကျပ်မှ (၁၂၀၀၀၀)ကျပ်ခန့်ရှိကာ ဝက်တစ်ကောင်ဈေးကွက်သို့ ရောက်ရှိရန် အတွက် မွေးမြူရေးအစာ အနည်းဆုံး(၃)အိတ်ခန့်ကုန်ကျပါကြောင်း တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးပြုလုပ်နေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)