
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချ ရကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင်(၈၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အလတ် တစ်တောင့်လျှင်(၇၀၀)ကျပ်၊ နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး တွင် ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ် လုပ်နေသော လုပ်ငန်းရှင်ထံမှ သိရှိရ ပါသည်။
Doca(စစ်ကိုင်)