Main menu

ယနေ့ဖြစ်ပေါ်နေသော ကွမ်းသီးစျေးကွက်

Powered by Drupal

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဆီအုန်များ ထွက်ရှိသောဒေသဖြစ်ပြီး သီးနှံအများအပြား စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ ပထမပတ် စုံစမ်းချက်အရ ကွမ်းသီးနုစျေးကွက်အနည်းငယ်ကျဆင်းလာပြီး ကွမ်းသီးခြမ်းစျေးနှုန်းမှာ စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။

      (၂၉.၅.၂၀၂၅)ရက်နေ့ ကွမ်းသီးနု တစ်ပိဿာ စျေးနှုန်းမှာ (၅၅၀၀)ကျပ်ခန့်ရှိရာမှ (၅.၆. ၂၀၂၅)ရက်နေ့စုံစမ်းချက်အရ ကွမ်းသီးနုတစ်ပိဿာစျေးနှုန်းမှာ(၅၂၀၀)ကျပ်ဖြစ်နေပြီး စျေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ သို့သော် ကွမ်းသီးအခြမ်းစျေးနှုန်းမှာ အနည်းငယ်မြှင့်တက်သွားကြောင်း သိရှိရပါသည်။ (၂၉.၅.၂၀၂၅)ရက်နေ့ ကွမ်းသီးခြမ်းတစ်ပိဿာ စျေးနှုန်းမှာ (၁၄၀၀၀)ကျပ်ခန့်ရှိရာမှ (၅.၆.၂၀၂၅)ရက်နေ့စုံစမ်းချက်အရ ကွမ်းသီးနုတစ်ပိဿာ စျေးနှုန်းမှာ(၁၈၀၀၀)ကျပ်ဖြစ်ကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။ ကွမ်းသီး အလုံးစျေးနှုန်းမှာမူ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့်သာ ဖြစ်နေပြီး တည်ငြိမ်လျက်ရှိနေပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)