Main menu

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီး စျေးတက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် စျေးကွက်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ စျေးကောင်းရရှိကာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ရှိပြီး အရင်လနှင့် နှိုင်းယှဥ်ပါက(၅၀၀)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)