
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်၏ အမဲသားဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲ သား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား) လက်လီတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း)လက္ကားတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသား ပြွန်း) လက်လီတစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ (၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
Doca(စစ်ကိုင်း)