Main menu

“ကျောက်ဆည်ကြက်သွန်နီစျေးကွက်တည်ငြိမ်”

Powered by Drupal

     ကျောက်ဆည်ခရိုင်အနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုကို တစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်လျက်ရှိပြီး၊ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော  ကြက်သွန်နီလည်း အပါအဝင်လည်းဖြစ်ပါသည်။ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဒေသတွင်း အရောင်းအဝယ်ဖြစ်မှုအရ (ကြီး) ၁၈၀၀/- ၊၂၀၀၀/-ကျပ်၊(လတ်) ၁၅၀၀/-၊ ၁၇၀၀/- ကျပ်၊ (သေး)၁၀၀၀/-၊ ၁၂၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ အလားတူယခင်နှစ် ဈေးနှုန်းများမှာ (ကြီး) ၃၀၀၀/-ကျပ်၊(လတ်) ၂၅၀၀/- ကျပ်၊ (သေး) ၂၃၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ ရာသီကုန်ထွက် ပေါ်ချိန် မတ်နှင်ဧပြီလဆန်းမှ ဈေးနှုန်း များထက်ပင် ဈေးကျခဲ့ကြောင်းသိရှိရပြီး ပေါ်ထွက်ချိန် ရက် အနည်းလိုမှာပင် အဆင့်မခွဲ အတိုင်း (၂၈၀၀/-)ကျပ်ပေးခဲ့သော်လည်း ယခုအချိန်တွင် အကောင်းဆုံး No-1 ဈေးနှုန်း(၁၈၀၀/-၊၂၀၀၀/-)ကျပ်သာရရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦးမှ ပြောပြပါ သည်။ ဈေးကွက်တင်ပို့မှုမှာ ကြက်သွန်နီ သိုလှေင်မှုအခြေအနေများအား မေးမြန်းဆွေးနွေး ရာတွင် ကြက်သွန်နီကုန်သည်များမှာ ယခင်နှစ်ထက်နည်းပါးကြောင်း တောင်သူများမှာလည်း တက်ဈေးကို မျှော်မှန်းပြီး သိုလှောင်ထားရှိမှု များပြားကြောင်း သိရှိရပါသည်။ ရန်ကုန်ဘုရင့်နောင်ပွဲရုံတွင် ကျောက်ဆည်/မြစ်သားကြက်သွန်နီရရှိမှုအနေဖြင့် (ဈေးငုတ်)ရှယ် (၂၃၀၀/-)ကျပ်၊ လတ်ကြီး (၂၂၀၀/-)ကျပ်၊လတ်စ(သန့်) (၂၀၀၀/-)ကျပ်၊ လတ်ချော(၁၃၀၀/-)ကျပ်ဖြင့် ခပ်မှန်မှန်သာအရာင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)