
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် အကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံး နှင့် ထန်းကုန် သကြားသရက် သီးမှည့် တစ်လုံး(၁၅၀)ကျပ် (၁၀၀၀)ကျပ်ဖိုး(၈)လုံးနှင့် တစ်လုံး(၁၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၁၀)လုံး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။
Doca(စစ်ကိုင်း)