
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါစက်မှုဇုန်ရှိ Wilmar ဆီကန်သို့ မေလ ၂၉ ရက်နေ့၊ ညနေ (၁၃:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီသိုလှောင်ကန်များအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ပိုင်း ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆီကိုယ်စားလှယ်များအသင်း (MEBDA)၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တို့ပူးပေါင်း၍ သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်သို့ သွားရောက်၍ စားအုန်းဆီသိုလှောင်ကန်များအား လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆီထုတ်ကုမ္ပဏီများစာရင်းများ စစ်ဆေးခြင်း၊ ဆီကိုယ်စားလှယ်များထံသို့ စားအုန်းဆီ နေ့စဉ် ထုတ်ပေးလျက်ရှိသော ဆီပေပါများအား အလေးချိန်ပြည့်မပြည့်တို့အား စစ်ဆေးခြင်း၊ စားအုန်းဆီ အဝင်အထွက်စာရင်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Wilmar ဆီကန်များ တာဝန်ရှိဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ရောင်းဝယ်ဖောက်ကားရာတွင် ဆီပေပါများ၌ ဆီများအလေးချိန်မှန်မှန်ဖြင့် ချိန်တွယ်ပေးရန်မှာကြားခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)