Main menu

အာလူးဈေးကွက်အရောင်းသွက်

Powered by Drupal

      မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်း၊ ရပ်စောက်၊ ကလောနှင့် ရွာငံနယ်များမှ အာလူးများဝင်ရောက်လျက်ရှိပါသည်၊၊ အာလူးများအနေနှင့်လုံးကြီး၊ လုံးလတ်၊ လုံးသေးများ ဝင်ရောက်လျက်ရှိပြီး အာလူးလုံးကြီးများကို အာလူးကြော်လုပ်ငန်းများတွင် အသုံးပြုမှု များပြီးလုံးလတ်များကို စားသုံးမှုအတွက် အသုံးပြုကြောင်း၊ လုံးသေးများကိုအကြော်စုံသမားများမှ အာလူးလုံးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက် အသုံးပြုခြင်းများရှိကြောင်း သိရပါသည်။

     ယခုတစ်ပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်အနေနှင့် အာလူးလုံးကြီး ၁ ပိသာ ၅၅၀၀ ကျပ်မှ ၆၀၀၀ကျပ်၊ လုံးလတ် ၁ ပိသာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ လုံးသေး ၁ ပိသာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း မန္တလေးမြို့ပွဲရုံများမှအနီးဝန်းကျင်မြို့များသို့ ကုန်စည်စီးဆင်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)