Main menu

မန္တလေးတိုင်းဒေသကြီး၏မေအတွင်းဖြစ်ပေါ်ခဲ့သောပဲသီးနှံဈေးနှုန်းများ

Powered by Drupal

      မန္တလေးတိုင်းဒေသကြီးအတွင်း အဓိက စိုက်ပျိူးသီးနှံများတွင် ပဲမျိုးစုံသီးနှံသည်လည်း တစ်မျိုးအပါအဝင် ဖြစ်ပြီး နွေ၊မိုး၊ဆောင်း ရာသီဉတု(၃)ပါးလုံး စိုက်ပျိုးလျက်ရှိရာ သပိတ်ကျင်း၊ မြစ်သား၊ ငါန်းဇွန်၊ မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံသီးနှံကို (၁၀၁၉၄၇၇) ဧက စိုက်ပျိုးခဲ့ပြီး (၃၁၃၅၈၉၆) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသော ပဲမျိုးစုံသီးနှံများကို ဒေသတွင်း စားသုံးရုံသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။မေလအတွင်း ပဲမျိုးစုံ သီးနှံအသစ်များ ဈေးကွက်သို့ အများအပြား ဝင်ရောက်မှုရှိပြီး ဈေးကွက်များ၌ မတ်ပဲ နှင့် ပဲစဉ်းငုံသီးနှံများသည် ဝယ်ယူမှု အားနည်းသောကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး ပဲကြီးနှင့် ပဲတီစိမ်းသီးနှံမှာ ပြည်တွင်းစားသုံးမှု များပြားခြင်းနှင့် စိုက်ပျိုးရန်           မျိုးအဖြစ် ဝယ်ယူမှုများ ရှိသောကြောင့် ဈေးအနည်းငယ်တက်၍အခြားပဲသီးနှံဈေးနှုန်းများ ဈေးငြိမ်နေကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး၏ မေလအတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံသီးနှံများ၏ တစ်ပိဿာ အနိမ့်ဆုံးနှင့် အမြင့်ဆုံးဈေးနှုန်းများကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည်။

စဉ်

သီးနှံအမည်

ရေတွက်ပုံ

ဈေးနှုန်း(ကျပ်)

ပဲတီစိမ်း(ညာ) (သစ်)

ပိဿာ

၆၂၂၂ - ၈၀၀၀

ပဲစင်းငုံ  ( နီ )  (သစ်)

၄၅၀၀ - ၄၆၄၃

မတ်ပဲ   (သစ်)

၄၇၀၀ - ၄၇၈၃

ပဲပုတ်   (ဗမာ)

၈၄၅၀ - ၈၄၅၀

ပဲပုတ်   (ရှမ်း)

၅၀၇၀ - ၅၇၂၈

ပဲယင်း

၃၄၅၀ - ၄၀၀၀

ပဲလွန်းဖြူ

၃၉၁၇ - ၄၂၅၀

ကုလားပဲ (ဗမာ)

၄၁၄၂ - ၄၆၇၆

ကုလားပဲ (ထိုင်ဝမ်)

၄၃၆၄ - ၄၄၉၈

၁၀

မြေထောက်ပဲ

၄၈၁၅ - ၅၇၄၁

၁၁

ထောပတ်ပဲကြီး(သစ်)

၄၇၂၁ - 5778

၁၂

ထောပတ်ပဲကြီး(လတ်)

4800 - 5433

၁၃

ထောပတ်ပဲကြီး(သေး)

4444 - 5244

၁၄

ပဲကြီး

4253 - 4796

         ဖော်ပြပါ ဈေးနှုန်းများသည် သီးနှံအရည်အသွေးအပေါ်မူတည်၍ ဈေးကွက်အတွင်း နေရာအလိုက် အနည်းငယ် ပြောင်းလဲမှုများ ရှိနိူင်ပါသည်။

DOCA(မန္တလေး)