Main menu

သံပုရာသီးစျေးအနည်းငယ်ကျ

Powered by Drupal

   မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ခုနှစ် ဇွန်လပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင်  ရောက်မှု များပြားလျက်ရှိကြောင်း သိရပါတယ်။၂၀၂၅ ခုနှစ် ဇွန်လပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။  မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။     

DOCA(မန္တလေး)