
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင် (ဦးစီးအရာရှိ)၊ စစ်ဆေးရေးအရာရှိ(၂)နှင့် ဝန်ထမ်း(၂)ဦးတို့သည် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးအတွင်းရှိ ဒေါ်သွယ်သွယ်လေး ယဉ် (ဆီဆိုင်) နှင့် ဦးခင်မောင်ထွဋ် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၃.၆.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)