
မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် ဇွန်လပထမပတ်အတွင်း မြစ်ကြီးနား၊ ရွှေကူ၊ ကသာ၊မတ္တရာနှင့်ဆည်တော်လေးဒေသတို့မှ မိုးရာသီပုရစ်များဝင်ရောက်မှု များပြားလျက်ရှိပြီး အရောင်း သွက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက် တွင် ၂၀၂၅ ခုနှစ် ဇွန်လပထမပတ်အတွင်း လက္ကားစျေးမှာ ပုရစ်အကောင်ကြီး(၂၀၀ပါ)တစ် တစ်ထုပ်လျှင် ၁၆၀၀၀ ကျပ်နှင့် ၁၈၀၀၀ ကျပ်၊ သဲပုရစ်ခေါ်ပဲပုရစ်(အကောင်သေး) (၂၀၀ပါ)တစ် ထုပ်လျင် ၁၀၀၀၀ကျပ် နှင့် ၁၂၀၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး (၁၀၀)လျှင် ၁၀၀၀၀ ကျပ်နှင့် ၁၁၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊ပုရစ်ဝင်ရောက်မှုများပြားလာသည့်အတွက် စျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရပါတယ်။
DOCA(မန္တလေး)