Main menu

     အရောင်းသွက်သည့်ပန်းစျေးကွက်

Powered by Drupal

      မန္တလေးမြို့၊ မြင်းတန်းပန်းစျေးတွင် မိုးရာသီဖြစ်၍ ဝင်ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ကြီး ဒေသတို့မှစိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီး လက်လီပေါက် စျေးနှုန်းများမှာ ဂန္ဓာမာပန်း ကြွေဖြူ တစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာ ပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၅၀ဝိ/- နှင့် ၃၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/- စျေးဖြင့် ရောင်းချ လျက်ရှိပြီး၊ ပန်းလတ်ဆပ်မှုအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ပန်းများဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရပါတယ်။

DOCA(မန္တလေး)