
မန္တလေးမြို့၊ထနောင်းပင်ပန်းစျေးတွင် မိုးရာသီဖြစ်၍ ပန်းကုံးများဝင်ရောက်မှုများပြား လာသည့်အတွက် စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)တို့မှ ထွက်ရှိသည့် ပန်းများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှု များပြားကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ် ဇွန်လပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံးလက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်း အပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၀၀ဝိ/-နှင့် ၁၃၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၅၀ဝိ/-နှင့် ၁၆၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊သနပ်ခါးပန်း၁၀ ကုံးပါတစ်တွဲလျှင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျှင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၄၅၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-၊ခရေပန်း ၁၀ ကုံးပါတစ်တစ်လျှင်၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး၊ ပန်းလတ်ဆပ်မှုအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)