
မန္တလေးမြို့၊ရေနီမြောင်းစျေးတွင် မိုးရာသီဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် စကားဝါပန်းနှင့်စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။၂၀၂၅ခုနှစ် ဇွန်လ ပထမပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့်စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကားစျေး ၂၅၀ဝိ/-နှင့် ၃၀၀ဝိ/- ၊လက်လီစျေး ၃၅၀၀ ကျပ် နှင့် ၄၀၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)