Main menu

“ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းများစတင်ရိတ်သိမ်း”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၄၄၂၀၆)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၂၃၄၄၄)ဧက၊ မြစ်သားမြို့နယ်တွင်(၂၉၂၀၈)ဧက၊ စုစုပေါင်း (၉၆၈၅၈)ဧက စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နွေနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ (၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် နွေနှမ်းများစတင်ရိတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းအနေဖြင့်(၈-၉)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်း လျှင်(၁၃၅၀၀၀/-)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင် (၉၇၀၀၀/-) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ၊ ယခုအချိန်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၃၇၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ်၊နှမ်းနက်တစ်တင်း လျှင်(၉၅၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ယခုနှစ်(၁)ဧက အထွက်နှုန်းအနေဖြင့် (၈-၉) တင်းခန့် ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ် ဝန်းကျင်မြတ်ကြောင်း၊ ယခုနှစ်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် နွေနှမ်းများ အထွက်နှုန်းကျဆင်းသော်လည်း စျေးနှုန်များကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)