Main menu

ပဲထောင့်ရှည်စိုက်ပျိုးခြင်းနှင့် စျေးနှုန်းစျေးကွက်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါသည်။ ၄င်းသီးနှံများအနက်ပဲတောင့်ရှည်များကိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများကို အများဆုံးစိုက်ပျိုးကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ် မူတည်ပြီး (၁)ဧက လျှင်ပိဿာ(၃၀၀-၃၅၀)အထိထွက်ရှိကြောင်း၊ ဖောက်သည်စျေးအနေဖြင့် (၁)ပိဿာလျှင်(၃၅၀၀/-) ကျပ်၊ လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင်(၄၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ပဲတောင့်ရှည်သီးနှံကိုပွဲစားများမှ စိုက်ခင်းအထိလာရောက် ဝယ်ယူကြကြောင်း၊ မြို့ပေါ်စျေးများသို့ လည်းကိုယ်တိုင်သွားရောက်၍ရောင်းကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၈၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများတွက်ချေကိုက်ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေလည်းရရှိကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)