Main menu

၅ လအတွင်း ဆန်စပါးတင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံခန့် ကမ္ဘောဒီးယား ဝင်ငွေရ

Powered by Drupal

    ကမ္ဘာဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ နိုင်ငံတကာဈေးကွက်များ သို့ စပါးနှင့် ဆန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၉၃.၂၄ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ တင်ပို့မှု ထက် ၆.၇၈ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့သည်ဟု ဇွန်လ ၄ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) က ဖော်ပြထားပါသည်။

     ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၄ ခုနှစ် အလားတူကာလ၌ ဆန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂၁၉.၉၁ သန်းရှိခဲ့ရာမှ ယခုနှစ် ပထမ ၅ လအတွင်း နိုင်ငံပေါင်း ၆၃ ခုသို့ ကြိတ်ခွဲပြီးဆန် ၃၄၄၁၉၉ တန် တင်ပို့လျက် ဒေါ်လာ ၂၅၂.၃ သန်းသို့ ဝင်ငွေတိုးတက်ရရှိခဲ့ကြောင်း၊ ဥရောပနိုင်ငံများသို့ ဆန် တင်ပို့မှုသည် ၁၆၀၇၃၂ တန်ရှိပြီး တန်ဖိုးဒေါ်လာ ၁၂၆.၇၅ သန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ ၎င်း၏ နောက်တွင် တရုတ်နိုင်ငံသို့ တန်ဖိုး ဒေါ်လာ ၅၂.၂၅ သန်းရှိသော ဆန်တန်ချိန် ၉၀၆၆၅ တန် တင်ပို့ နိုင်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ၄၉၇၀၀ တန်၊ တန်ဖိုး ဒေါ်လာ ၃၄.၅၆ ဖြစ် ကြောင်း၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ နိုင်ငံပေါင်း ၃၀ သို့ ဆန်တန်ချိန် ၄၃၀၉၉ တန် တင်ပို့လျက် ဒေါ်လာ ၃၇.၈ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါကာလအတွင်း အိမ်နီးချင်းနိုင်ငံများသို့ စပါးတင်ပို့မှုမှာ ၃၁၀၂၉၇၃ တန်ရှိပြီး ဝင်ငွေ ဒေါ်လာ ၇၄၀.၉၄ သန်း ရရှိခဲ့ရာ ယခင်နှစ် ကာလတူတင်ပို့မှုတန်ဖိုး ဒေါ်လာ ၇၁၀.၂၃ သန်းကို ကျော်လွန်ခဲ့ကြောင်း CRF က ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ စပါးတင်ပို့မှုမှ ဒေါ်လာ ၁၄၉၆ သန်းနှင့် ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၁၉.၁၉ သန်း၊ စုစုပေါင်း စပါးနှင့် ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၉၈၇.၁၆ သန်းရရှိခဲ့ကြောင်း သိရှိရသည်။

Source: Phnom Penh Post , 4 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)