Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၉၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)