Main menu

မြင်းခြံခရိုင်၏ သီးနှံအချို့ဈေးနှုန်းများ

Powered by Drupal

          မြင်းခြံခရိုင်၏ ၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော  သီးနှံအမျိုးအစား အလိုက်တစ်ပိဿာဈေးနှုန်းများမှာ ယခုပဲစဉ်းငုံ(၄၃၆၀)ကျပ်၊ ကုလားပဲ(929)(၄၆၀၀)ကျပ်၊ v2 ကုလားပဲဖြူလုံးကြီး(၄၆၅၀)ကျပ်၊ ပဲပုတ်(၇၀၀၀)ကျပ်၊ မတ်ပဲ(၄၃၅၀)ကျပ်၊ မြေပဲဆီဆံ(၉၂၀၀) ကျပ်နှင့် cp ပြောင်း(၁၅၆၀)ကျပ်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သီးနှံအမျိုးအစားအလိုက် တစ်ပိဿာ ဈေးနှုန်းများမှာ ယခင်ပဲစဉ်းငုံ(၄၄၈၀)ကျပ်၊ ကုလားပဲ(929) (၄၆၀၀)ကျပ်၊v2 ကုလားပဲဖြူလုံးကြီး (၄၆၇၅)ကျပ်၊ ပဲပုတ်(၇၅၀၀)ကျပ်၊ မတ်ပဲ(၄၅၀၀)ကျပ်၊ မြေပဲဆီဆံ (၉၂၀၀)ကျပ်နှင့် cp ပြောင်း (၁၅၄၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ မေလတတိယပတ်မှ စတုတ္ထပတ်အတွင်း သီးနှံဈေးနှုန်းများကိုနှိုင်းယှဉ်ပါက  ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲပုတ်၊ ကုလားပဲဖြူလုံးကြီး (V2)၊ သီးနှံများ ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး၊ cp ပြောင်းမှာတစ်ပိဿာလျှင်(၂၀)ကျပ် ခန့်အတက် ရှိခဲ့ပြီး၊ ကုလားပဲ(929)မှာ အတက်အကျမရှိကြောင်း သိရှိရပါသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)