Main menu

ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ပဲတောင့်ရှည်သီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေ သော ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၅)တောင့်ပါ ၁စီးလျှင်(၂၀၀)ကျပ်၊ ပဲတောင့် ရှည်သီး(၅)တောင့်ပါ ၃စီးလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၁စီးလျှင်(၂၅၀)ကျပ်၊ ပဲတောင့် ရှည်သီး (၈)တောင့်ပါ ၂စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

Doca(စစ်ကိုင်း)