Main menu

စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ၁၉.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိဘဲ ပိတ်ထားသောဆိုင်များ ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

DOCA(မွန်)