Main menu

ဘားအံမြို့ရေပေါ်ဈေးရှိ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ ဒေသထွက် ခရမ်းချဉ်သီးများဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ခရမ်းချဉ်သီးကို အစိမ်းလိုက်သုပ်စားခြင်း၊ ခရမ်းချဉ်သီးအစားသိပ်လုပ်စားခြင်း၊ ဟင်းတွင် အနှစ်ပိုများအောင်ရောချက်ခြင်း၊ အတို့အမြုတ်အဖြစ်တို့စားခြင်း၊ လက်ဖက်သုပ် သုပ်စားရာတွင် ထည့်စားခြင်း၊ အချဉ်ဖျော်ရာတွင် ထည့်သွင်းဖျော်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ ခရမ်းချဉ်သီးစားသုံး ခြင်းဖြင့် အသားအရေကြည်လင်စေခြင်း၊ အမြင်အာရုံကြည်လင်စေခြင်း၊ အစာခြေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ သွေးတွင်း ကိုလက်စထရောကိုကျစေ၍ နှလုံးကိုကာကွယ်ပေးခြင်း၊ ဆီးလမ်း ကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးခြင်း စသည်ဖြင့် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

     ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် ခရမ်းချဉ်သီးများကို လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ကရင်)