
၂၀၂၅ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့်စားဖိုဆောင် သီးနှံဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၇၁၀၀) ကျပ် တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန် ဖြူ (၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဂျင်း (၁)ပိဿာလျှင်(၄၅၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၆၅၀၀)ကျပ်၊ ငရုတ်သီးအပု (၁) ပိဿာလျှင်(၄၅၀၀၀) ကျပ်ခန့်တို့ရှိပါကြောင်း စားဖိုဆောင်သီးနှံရောင်းချသူများထံမှ သိရှိရပါသည်။
ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အာလူး (၁)ပိဿာ လျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်း မြင့်တက်လာပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများက တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ကယား)