Main menu

မြိတ်မြို့ရှိ ကြက်သွန်နီစျေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပြည်သူများစားသုံးရန်အတွက် ကြက်သွန်နီများကို ရန်ကုန်မြို့ရှိ ပွဲရုံများမှ အများဆုံးဝယ်ယူ၍ မြိတ်မြို့သို့ ကားလမ်းဖြင့် သယ်ယူလျက်ရှိပြီး မိုးတွင်းကာလများတွင် တစ်ခါတစ်ရံလမ်းခရီး၌ ကြန့်ကြာမှု အနည်းငယ်ရှိသော်လည်း ကြက်သွန် နီများပုံမှန်ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်ခရိုင်တွင် ကြက်သွန်နီအား လှူဒါန်းမှု ပြုလုပ်သော ဝါတွင်းကာလ၊ ကထိန်ပွဲကာလနှင့် မိုးတွင်းကာလ လမ်းခရီးအခက်အခဲကြောင့် စျေးနှုန်းအနည်းငယ်မြှင့်တက်လေ့ရှိပါသည်။

    ၂၀၂၅ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ကြက်သွန်နီ(၁၀)ပိဿာဝင်တစ်အိတ်လျှင် (၂၃၀၀၀) ကျပ် ခန့်ရှိပြီး လက်လီဆိုင်များတွင် တစ်ပိဿာလျှင် (၂၄၀၀-၂၅၀၀) ကျပ်တို့ဖြင့်ရောင်းချနေ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)