Main menu

ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

       ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇွန်လ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၉၀၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၉၀၀၀)တင်း ၊တန်အားဖြင့် (၂၉၄)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၄၅၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၇၂၀၀)တင်း တန်အားဖြင့် (၁၇၆)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ပဲပွဲစားများကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)