
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မြစ်ချောင်းအင်းအိုင်များ စိမ့်စမ်းကောင်းသော နေရာများနှင့် စိုစွတ်သောနေရာများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင် သည် ယခုလိုမိုးဦးကျကာလတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး ဇရစ်ရိုးသည် အရိုးတွင်သာမက အရွက်ရောပါစားရပြီး ဆူးပါသောအပင်တစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ဇရစ်ရိုးပင် ဈေးနှုန်းအနေဖြင့် ဇရစ်ရိုးပင်(၅/၆)ပင်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ ဇရစ်ရိုး(၁၀)စည်း တစ်ထုံးလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်း ချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။
DOCA(စစ်ကိုင်း)