Main menu

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးဈေးနှုန်းအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

       သလဲသီး၏ အခွံသည် အနီရောင်ဖြစ်ပြီး အတွင်းသားလေးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ ဒုတိယ ပတ်အတွင်း သလဲသီးအသေး(၁)လုံးလျှင်(၅၀၀)ကျပ်၊ သလဲသီးအကြီး(၁)လုံးလျှင်(၁၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)