
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့၏ ရာသီသီးနှံများကို လစဉ် အပတ်စဉ် တင်ပြလျက်ရှိရာ ယခု ဇွန်လ ဒုတိယပတ်တွင် ပန်တိမ်ငို (ခေါ်) ပန်တိမ်မနိုင်ပန်းများ ဈေးကွက်အတွင်းသို့ရောက်ရှိကာ ဈေးကောင်းရရှိလျက်ကြောင်း သိရသည်။
ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ တစ်ခါစိုက်ပျိုးပြီးပါက နှစ်စဉ်စိုက်ခင်းသစ်များ ပြန်လည်စိုက်ပျိုးရန်မလိုဘဲ မိုးရာသီအချိန်ရောက်လျှင် အပင်များ ပြန်လည် ထွက်ပေါ်လာကာ အပင်ပွားများကို သားခွဲစိုက်ပျိုးပေးရပါသည်။ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းသည် မိုးရာသီတွင် ပေါ်ပေါက်ပြီး ဇွန်လ ဒုတိယပတ်တွင် ဈေးကွက်ဝင် ပန်းခိုင်များစပေါ်ပြီး သက်တမ်း (၂)လလောက်သာထွက်ရှိပါသည်။ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းဟာဆိုရင် အဖြူရောင်၊ ဗေဒါရောင်၊ ခရမ်းပုတ် ရောင်ဟူ၍(၃)ရောင် ရှိပါသည်။ ခရမ်းပုတ်ရောင်က အဖြူရောင်ထက် ရာသီဥတု ဒဏ်ပိုခံနိုင်ကြောင်း၊ ပန်တိမ်ငို(ခေါ်) ပန်တိမ်မနိုင်ပန်းများကို စိုက်ပျိုးရာတွင် အပင်နှင့် အခက်များ ကြီးထွားစေရန်အတွက် အပင်နှင့်အပွင့် အားဆေးများ သုံးစွဲပေးရပြီး ရောဂါဒဏ်ကာကွယ်ရန်အတွက် မှိုသတ်ဆေး၊ ပိုသတ်ဆေးများ သုံးစွဲပေးရကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချလျက်ရှိ သော ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်ရောင်)အခက်အကြီး တစ်ခက်လျှင်(၅၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ ပန်တိမ် ငို(ခေါ်)ပန်တိမ်မနိုင်ပန်း(အဖြူရောင်ရောင်)အခက်သေး တစ်ခက်လျှင်(၃၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်းလျှင်(၁၅၀၀)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း ပိတောက်မြိုင် ဈေးတွင် ရောင်းချနေသော ပန်းသည်တစ်ဦထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)