Main menu

မြင်းခြံမြို့၏ခဝဲသီးဈေးကွက်

Powered by Drupal

            မြင်းခြံမြို့နယ်သည် ဆည်‌ရေသောက်အသင့်အတင့်ရှိ၍ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားကြပြီး စားဖိုဆောင်အုပ်စုဝင်သီးနှံဖြစ်သော ခဝဲသီးကိုလည်း အဓိကစိုက်ပျိုးထားကြောင်း သိရှိရသည်။  မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်းအုပ်စု၊ ကြက်လျှာ၊ ကျောင်းကုန်းရွာများ၌ တောင်သူများက မိမိတို့ခြံဝင်းများအတွင်းရှိ ဥယျာဉ်ခြံမြေများတွင် ခဝဲပင်များကို တစ်နိုင်တပိုင်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထွက်ရှိသော ခဝဲသီးများကို မြင်းခြံဈေးများသို့ သွားရောက် ရောင်းချကြောင်းသိရှိရသည်။ မြေပြန့်‌ဒေသများတွင် ခဝဲသီးပင်ကို ဧပြီလအလယ်မှ စ၍ ဇူလိုင်လကုန် အထိစိုက်ပျိုးကြကြောင်း‌၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅) ရက်အကြာတွင်အသီးများ စတင်ခူးဆွတ်နိုင်ကြောင်းသိရသည်။ မြင်းခြံဈေးကွက် တွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၂၀၀-၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၅၀၀-၅၅၀၀) ကျပ်ပေါက် ဈေးရှိကြောင်း၊ အရည်အသွေးအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ စားသုံးမှု များ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် သွေးသားသန့်စင်ပေးနိုင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြု၍ဝမ်းမှန်စေခြင်း၊ အသားဝါရောဂါဖြစ်နိုင်ချေကိုလျော့နည်း စေခြင်း၊  ဝိတ်ကျဖို့ ကူညီနိုင်ခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊  ကိုယ်ခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အရိုးပွရောဂါ ကိုကာကွယ်ပေးခြင်း ကောင်းကျိုးများရရှိစေကြောင်း၊ စားသုံးမှုအနေဖြင့် ခဝဲသီးချိုချိုဟင်းရည်ချက်၊ ခဝဲသီးဆီပြန်ချက်၊ ပုဇွန်နှင့်ခဝဲသီးအစပ်ချက်၊ ခဝဲသီးနှင့် မျှစ်ချိုချက်စသည်ဖြင့် အာဟာရပြည့်ဝသော ခဝဲသီးကို အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)