Main menu

ဆေးဖက်ဝင်သော ဗမာလိုက်ကြက်ဥဈေးကွက်

Powered by Drupal

               မြင်းခြံမြို့နယ်ရှိ ကျေးရွာအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသကဲ့သို့ အိမ်တိုင်းနီးပါးတွင် ဗမာကြက်များကို တစ်နိုင်တပိုင်မွေးမြူလေ့ရှိကြကြောင်း သိရှိရသည်။ အိမ်မွေးဗမာကြက်ဖနှင့်ကြက်မ ပေါင်းစပ်ခြင်းဖြင့် ရရှိသောကြက်ဥများကို ဒေသအခေါ် ဗမာလိုက်ကြက်ဥဟု ခေါ်ဆိုလေ့ရှိပြီး ဗမာလိုက်ကြက်ဥတွင် ပရိုတင်းဓာတ်မြင့်မား စွာပါဝင်သောကြောင့် ကြွက်သားတည်ဆောက်မှုကို များစွာအထောက်အကူပြုကြောင်း၊ အားကစားသမားများ၊ ကလေးသူငယ်များနှင့် ကိုယ်အလေးချိန်တက်လိုသူများစားသုံးရန် အထူးသင့်လျော်ကြောင်း၊ ဦးနှောက်နှင့်မှတ်ဉာဏ်ကို အထူးကောင်းမွန်စေကြောင်း၊ ဗမာလိုက်ကြက်ဥတွင် ဗီတာမင်ဒီနှင့် ဖော့စရပ်ပါဝင်သောကြောင့် အရိုးပွရောဂါကို ကာကွယ် ပေးနိုင်ကြောင်း သိရှိရသည်။

            ဗမာလိုက်ကြက်ဥများကို စားသုံးခြင်းသည် မွေးမြူရေးကြက်ဥများထက် ခန္ဓာကိုယ်အတွက် ပိုမိုဆေးဖက်ဝင်ပြီး ခွန်အားပိုမိုပြည့်ဝကာ ကျန်းမာရေးကို များစွာအထောက် အကူပြုပါကြောင်း၊ လူကြိုက်များသော်လည်း မွေးမြူရေးကြက်ခြံများမှ မွေးမြူရေးကြက်ဥများကဲ့သို့ အမြောက်အများ ထုတ်လုပ်မှုမရှိသဖြင့် ဈေးကွက်တွင် ပေါပေါများများ တွင်တွင် ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလေ့မရှိကြောင်း၊ ရှားပါးသောကြက်ဥဖြစ်သောကြောင့် ဗမာလိုက်ကြက်ဥတစ်လုံးလျှင် ဈေးနှုန်း (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိ ရောင်းဝယ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)