
တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပမှ နိုင်ငံအတွင်းသို့ တင်သွင်းသည့်ကားများ ရောင်းချမှု သည် ပြီးခဲ့သည့်လ (မေလ)တွင် ဂဏန်းနှစ်လုံးအထိ မြင့်တက်လာခဲ့ကြောင်း စက်မှုလုပ်ငန်း ဒေတာများ၏ ဇွန်လ ၅ ရက်နေ့ ဖော်ပြချက်အရသိရသည်။ တောင်ကိုရီးယား နိုင်ငံအတွင်းသို့ တင်သွင်းသည့် မော်တော်ယာဉ်အရေအတွက်သည် ၂၀၂၄ အလားတူ ကာလကထက် ၁၆.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး အစီးရေ ၂၈၁၈၉ စီးရှိကြောင်း Korea Automobile Importers & Distributors Association (KAIDA) ၏ အဆိုအရသိရသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာအတွင်း တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်း၌ ပြည်ပမှ တင်သွင်းသည့် ကားအစီးရေ ၁၁၀၃၄၁ စီးရောင်းချခဲ့ရပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)