Main menu

အင်ဒိုနီးရှားနိုင်ငံမှ တရုတ်သို့ L-Tryptophan ၁၂၈ တန်အားတင်ပို့

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံသည် Pasuruan မြို့ရှိ PT Cheil Jedang Indonesia (CJI) စက်ရုံမှ အမေရိကန်‌ဒေါ်လာ ၉၀၀၀၀၀ တန်ဖိုးရှိ အမိုင်နိုအက်ဆစ်ထုတ်ကုန် L-Tryptophan ၁၂၈ တန်ကို တရုတ်နိုင်ငံသို့ ဇွန်လ ၃ ရက်နေ့က တင်ပို့ခဲ့ကြောင်းသိရသည်။ ထိုတင်ပို့မှုသည် နိုင်ငံ၏ ရေနံ မဟုတ်သော သဘာဝဓာတ်ငွေ့တင်ပို့မှု အထူးသဖြင့် ဇီဝနည်းပညာ အခြေခံဓာတုစက်မှုမဏ္ဍအား သိသိသာသာ အထောက်အကူပြုကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ L-Tryptophan သည် ကြက်နှင့်ကျွဲ၊ နွားများကဲ့သို့သော တိရိစ္ဆာန်အစာများ ထုတ်လုပ်ရန်အတွက် စက်မှုလုပ်ငန်းတွင် အသုံးပြုသောမရှိမဖြစ်လိုအပ်သော ကုန်ကြမ်းဖြစ်သည်။ ဤထုတ်ကုန်သည် မွေးမြူရေးကဏ္ဍတွင် ဖြည့်စွက်စာအဖြစ် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်သည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ L-Tryptophan တင်ပို့မှု စုစု ပေါင်းသည် ဒေါ်လာ ၂၅၉ သန်းအထိရှိပြီး တရုတ်နိုင်ငံသို့ ၎င်းစုစုပေါင်း၏ ၆၁.၇ ရာခိုင်နှုန်းတင်ပို့ ခဲ့သည်။ PT CJI ၏ L-Tryptophan ကို တရုတ်၊ ဗီယက်နမ်၊ နယ်သာလန်၊ စပိန်နှင့် ဂျာမနီနိုင်ငံတို့ အပါအဝင် အဓိကတင်ပို့သောနိုင်ငံများမှ အင်ဒိုနီးရှားနိုင်ငံသည် စုစုပေါင်းနိုင်ငံခြားဝင်ငွေ ဒေါ်လာ ၂.၅ ဘီလီယံအထိရောက်‌ရှိခဲ့ကြောင်းသိရသည်။ PT CJI မှ စီမံခန့်ခွဲရေး ဒါရိုက်တာ Iman Nachrowim ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်မှစတင်ကာ L-Tryptophan တန်ချိန် ၃၅၀၀၀၀ ကို နိုင်ငံပေါင်း ၉၀ သို့ တင်ပို့ခဲ့ကြောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)