Main menu

ဈေးကွက်အတွင်း ဒညင်းသီးဈေးကွက်ကျဆင်းလျက်ရှိ

Powered by Drupal

     မိတ္ထီလာဈေးကွက်သို့ ဧပြီလအလယ်လောက်မှစ၍ ဒညင်းသီးများ ဝင်ရောက်နေကြောင်း သိရှိရပါသည်။ ဒညင်းသီများကို  ရှမ်းပြည်နယ် မိုးဗြဲမြို့ ၊ ရေးမြို့၊ တောင်ငူမြို့၊ မော်လမြိုင်မြို့တို့မှ အများဆုံးဝင်ရောက်ရာ မေလပထမပတ်တွင် ဒညင်းသီးဈေးနှုန်း အလုံးကြီး(၁၀၀)လျှင် (၂၂၀၀၀)ကျပ်၊ အလုံးလတ် (၁၀၀)လျှင် (၂၀၀၀၀)၊ အလုံးသေး (၁၀၀)လျှင် (၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇွန်လပထမပတ်တွင် ဒညင်းသီးဝင်ရောက်မှု များပြားနေသဖြင့် ဒညင်းသီးဈေးနှုန်းများ ကျဆင်းလာရာ အလုံးကြီး(၁၀၀)လျှင် (၁၇၀၀၀) ၊ အလုံးလတ် (၁၀၀)လျှင် (၁၅၀၀၀)ကျပ်၊ အလုံး သေး (၁၀၀)လျှင် (၁၀၀၀၀)ကျပ်ထိ ကျဆင်းလာကြောင်း သိရှိရပါသည်။ဈေးကွက်တွင် ဒညင်းသီး များဝင်ရောက်မှု များပြားနေသဖြင့် ဒညင်းသီးဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။ဒညင်းသီးသည် လူကြီး၊လူငယ်မရွးအများဆုံး ကြိုက်နှစ်သက်ကြသောအစားအစာဖြစ်ကြောင်း၊ ဒညင်းသီးကို ဆားရည်စိမ်ခြင်း ၊ပြုတ်ခြင်း ၊အသားများနှင့် ချက်ပြုတ်၍ အမျိုးမျိုးစားသောက်ကြကြောင်း သိရှိရပါသည်၊၊

DOCA(မန္တလေး)