Main menu

သာစည်မြို့နယ်တွင် မိုးနှမ်းများစိုက်ပျိုးနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်စိုက်ပျိုးရေး သီးနှံများကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သောနှမ်းကို သာစည်မြို့ နယ်တွင်(၂၀၂၅-၂၀၂၆) စိုက်ပျိုးရာသီအတွက် မေလကုန်အထိမိုးနှမ်း(၁၃၄၂၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရသည်။

       မိုးနှမ်းကို သင်္ကြန်ပြီးနောက် ဧပြီ၊ မေလများတွင် စိုက်ပျိုးခဲ့ရာထယ်ထွန်မြေပြင်စိုက်ပျိုးခမှာ တစ်ဧကလျှင်ကျပ်(၁၀၀၀၀၀)ခန့်ကုန်ကျပြီး နှမ်းညိုတစ်ပြည်(၇၅၀၀)ကျပ်နှုန်းဖြင့် တစ်ဧက(၂)ပြည် စိုက်ပျိုးရကြောင်း၊ သားခွဲခြင်း၊ ပေါင်းပေါက်ခြင်းစသည့်အပင်ပြုစုခြင်းအတွက် (၅၅၀၀၀)ကျပ် ခန့်ကုန်ကျမည်ဖြစ်ပြီး တစ်ဧကကုန် ကျစရိတ်အနေဖြင့် (၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျမည်ဖြစ်ကြောင်း ၊  နှမ်းစိုက်ပျိုးပြီးနောက် (၂)လခွဲအကြာတွင် ရိတ်သိမ်းရကြောင်း၊ မိုးနှမ်းတစ်ဧကအထွက်နှုန်းအနေဖြင့် ရာသီဥတုကောင်းမွန်ပါက (၅)တင်းခန့်ထွက်ရှိမည်ဆိုပါက အကျိုးအမြတ်အနေဖြင့်တွက်ခြေကိုက်မည် ဟုတောင်သူများက မျှော်မှန်းထားကြသည်။

DOCA(မန္တလေး)