Main menu

မိတ္ထီလာဈေးကွက်သို့ တောင်ကြီးမှကုန်စည်ဝင်ရောက်မှု

Powered by Drupal

      မိတ္ထီလာဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်မှ ကုန်စည်ဝင်ရောက်မှုမှာ ၂၀၂၅ခုနှစ်၊ဇွန်လ ပထမပတ်တွင် တောင်ကြီးမြို့နယ်မှ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ကြက်ဥနှင့် အိမ်ဆောက်ပစ္စည်း(အုတ်)တို့ ဝင်ရောက်ကြောင်းသိရသည်။ကြက်သွန်ဖြူမှာ တစ်ပတ်အတွင်းကုန်ချိန်(၄၀၀၀)မှ(၅၄၀၀)ပိဿာပါ Candar ကား(၂)စီး၊ ခရမ်းချဉ်သီးသေတ္တာ(၁၀၀)၊ အုတ်(၄၀၀၀)လုံးမှ(၅၀၀၀)လုံးဆံ့ကား(၄) စီးဝင်ရောက်ကြောင်း၊ ကုန်တင်ခအနေဖြင့် တောင်ကြီး-မိတ္ထီလာကားမှာ တစ်ပိဿာ(၉၀-၁၀၀)ကျပ်၊ ခရမ်းချဉ်သီးသေတ္တာတစ်လုံး (၂၅၀၀)ကျပ်၊ ကြက်ဥ(၃၀)လုံးကဒ်ပါ ၁ကဒ်(၁၅၀၀)ကျပ်ရှိပြီး အိမ်ဆောက်ပစ္စည်း(အုတ်)ကို ဟဲဟိုးမှတစ် နှစ်ပတ်လုံးဝင်ရောက်ရာ ဟဲဟိုး-မိတ္ထီလာ ကားခအနေဖြင့်အုတ်တစ်လုံး(၉၀)ကျပ် ကျသင့်ကြောင်း မိတ္ထီလာ ခရိုင်ကုန်စည်ပို့ဆောင်ရေးအသင်းမှသိရသည်။ မိတ္ထီလာဈေးကွက်အတွင်း လက်လီရောင်းချနေသော ဈေးနှုန်းမှာ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၀၀၀-၇၀၀၀)ကျပ်၊ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ကြက်ဥတစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မူတည်၍ (၃၇၀-၄၄၀)ကျပ်နှင့် အုတ်(၁) ချပ်လျှင်(၂၅၀- ၂၉၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)