Main menu

မြင်းခြံဒေသထွက်ဘူးသီးဈေးကွက်

Powered by Drupal

   ဘူးသီးပင်သည် နွယ်ပင်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသောဟင်းသီးဟင်းရွက်အပင်ဖြစ်ပြီး အိမ်တိုင်းနီးပါးစိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။ ဘူးပင်ကို မြင်းခြံဒေသအတွင်းရှိ လယ်သစ်ရွာ၊ ဘောလုံးကျေးရွာ၊ လှိုင်းတက်ကျေးရွာနှင့် ရွာစည်ရွာတို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ မေလမှ ဇူလိုင်လအထိစိုက်ပျိုးကြပြီး၊ ထွက်ပေါ်ချိန်မှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး၊ စိုက်ပျိုးချိန်မှ ရက်ပေါင်း (၄၅-၇၀) ရက်အတွင်း ဆွတ်ခူးနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သော စားဖိုဆောင်သီးနှံဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၇၀၀- ၁၀၀၀-၁၅၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မှု၍ ဈေးနှုန်းများကွာခြားကြောင်း၊ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ စားသုံးမှုများ၍ ဈေးကွက်တွင်ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ဘူးပင်သည်စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)